Monday 4 January 2010

၂၀၁၀ ပြည့်နှစ် မြန်မာလွတ်လပ်ရေး ၀သဖလ ဇာတာဟောကိန်း

၂၀၁၀ ပြည့်နှစ် မြန်မာနိုင်ငံသည် ထူးခြားဆန်းပြားသော အတွေ့အကြုံမျိုးစုံကို တစ်ပြိုင်နက် ခံစားရရှိမည့် အချိန်အခါ ဖြစ်သည်။ ပဋိပက္ခမျိုးစုံကို မြင်တွေ့ရမည်ဖြစ်သကဲ့သို့ ကောင်းကျိုးအဖုံဖုံကို မြင်တွေ့ရမည့် သဘောဖော်ပြနေပေရာ နက္ခတ္တ ပညာသဘောအရ နက်နဲသောဂြိုဟ်နေဖြစ်လေ၏။

များစွာသိသာထင်ရှားသည်မှာ မြန်မာနိုင်ငံ၏ အပြောင်းအလဲများကို နိုင်ငံတကာကလည်းကောင်း၊ မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ အင်အားစုများက လည်းကောင်း ကျေနပ်နိုင်ခြင်း မရှိသောကြောင့် အကျပ်အတည်းမျိုးစုံကို ဖန်တီးကြလိမ့် မည်ဟူသည့်သဘော မြင်ရခြင်းဖြစ်၏။

ဝသဖလ ဂြိုဟ်၏ အင်္ဂါဂြိုဟ်သည် ကိုးတန့်တွင်နေ၍ လဂ်ကို ၅တန့်အပြည့်မြင်ထားရာ စစ်တပ်သည် နိုင်ငံ၏ ကောင်းရာကောင်းကျိုးကို ဆောင်ကြဉ်းလိမ့်မည်ဟူ၏။ မြန်မာလွတ်လပ်ရေးဇာတာ၏ စနေဂြိုဟ်သည် အဆိုပါ အင်္ဂါဂြိုဟ်ကို သွား၍ ပူးယှဉ်နေရာ စစ်မက် သဘောတရားများ စစ်တပ်အတွင်း၌လည်း ပဋိပက္ခများ ရှိလိမ့်မည် ဟူ၏။ သို့သော် အဆိုပါစနေဂြိုဟ်သည် ၀သဖလ လဂ်ကို ၅ တန့်အပြည့်မြင်ထားရာ ဗိုလ်ချုပ်မှူးကြီးသည် သဘောကောင်းစွာ ကောင်းကျိုးများကို ဆောင်ကြဉ်းဖွယ်ရှိ၏။

စစ်အစိုးရသည် နိုင်ငံအတွက်ကောင်းကျိုးများ ဆောင်ကြဉ်းမည်ဟုပြထားသော်လည်း အတိုက်အခံအင်အားစုများကို မူ ဖိနှိပ်ထားလိမ့်မည်ဟု လေးတန့်တွင်ရှိနေသော ယူရေးနပ်ဂြိုဟ်ကပြဆို၏။

မတ်လကုန်ပိုင်းသည် မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံရေးအုပ်မြစ်များ ချမည့် အချိန်ဖြစ်သည်။ ယနေ့ဖြစ်နေသော အငြင်းအခုံ အားလုံးရပ် ဆိုင်း သွားတော့မည် ဖြစ်ပြီး သဘောထားတင်းမာသူအားလုံး စစ်ဘတ် ဒီမိုကရေစီဘက် နှစ်ဘက်လုံးတွင် နိုင်ငံရေးမှ ထွက်သွား ကြရမည့် အချိန် ဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားများ အားလုံးလည်း လွတ်မြောက်လာကြလိမ့်မည်။ မထင်မှတ်သော အပြောင်းအလဲများ လဲ မြင်ကြရလိမ့်မည်။

ဝသဖလ ဇာတာ၏ လဂ်ကို လွတ်လပ်ရေးဇာတာ ကြာသပတေးဂြိုဟ်က ပူးယှဉ်ထားပြီး ၀သဖလ ကြာသပတေးက အကောင်းမြင်ထားရာ မြန်မာနိုင်ငံ၏ နိုင်ငံရေးသည် အဆုံးသတ်ကောင်းလိမ့်မည်ဟု ဆိုနိုင်ပါသည်။

ဝသဖလဇာတာ၏ တနင်္ဂနွေဂြိုဟ်သည် သောကြာဂြိုဟ်နှင့် ပူးယှဉ်ထားရာ အတိုက်အခံများ ဖိနှိပ်ခံရသည့်တိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရတို့ နားလည်မှု ရလိမ့်မည်ဟု ဖော်ပြပါ၏။

No comments:

Post a Comment